“ဘာနာဒိုဆေးလ်ဗား ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တဲ့ ရီးရဲလ်အသင်း”
18 Jun
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ကွင်းလယ် ကစားသမား ဘာနာဒိုဆေးလ်ဗား ကို ၂၀၂၈ ခုနှစ်အထိ ၂ နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား ဟာ မန်စီးတီးအသင်းမှာ ၂၀၁၇ ကနေ ၂၀၂၆ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၆၀ ပွဲကစားကာ ၇၆ ဂိုး သွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ အမာခံကစားသမားအဖြစ် ရပ်တည်ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗား ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိမှာဖြစ်လို့ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်း တို့က ခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပေမယ့် နည်းပြ မော်ရင်ဟို ရှိနေတဲ့ ရီးရဲလ်အသင်းက လက်ဦးမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ မကြာသေးမီက နောက်ခံလူ ကူကူရယ်လာ ကို ပေါင် ၅၂ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး နောက် ဘာနာဒိုဆေးလ်ဗား ကို ထပ်မံခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)