“Patong Fight Night မွေထိုင်းချန်ပီယံရှစ်မှာ မြန်မာရိုးရာဖိုက်တာ နော်ဥမ္မာစိုး ဝင်ရောက်ထိုးသတ်မည်”

18 Jun

Patong Fight Night က ကြီးမှူးကျင်းပမယ့် မွေထိုင်းချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ နော်ဥမ္မာစိုး နှင့် ထိုင်းဖိုက်တာ ပက်ချ်ဖူဖန် (Petchphuphan)တို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို ဇွန်လ ၁၈ ရက်မှာ ထိုင်းနိုင်ငံ ဖူးခက်မြိုရှိ Patong Boxing Stadium ၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နော်ဥမ္မာစိုး ရဲ့ပြိုင်ဘက်ဖြစ်သူ ပက်ချ်ဖူဖန် က Kangaroo Muay Thai Club မှ ကစားသမား တစ်ဦးဖြစ်ပြီး နော်ဥမ္မာစိုး အား မြန်မာရိုးရာလက်ဝှေ့မယ် ဗရော်နီကာ က မွေထိုင်းလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့် ပြင်ဆင်ခဲ့သူ ဖြစ်ပါတယ်။ နော်ဥမ္မာစိုး အနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်းအတွင်း အတွေ့အကြုံရင့်ကျက်တဲ့ ဝါရင့်တိုက်ခိုက်ရေး သမားတစ်ဦးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများနှင့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများမှာ ပါဝင် ထိုးသတ်ခဲ့ဖူးတဲ့ အတွေ့အကြုံများစွာရှိသူ ဖြစ်ပါတယ်။(NVS 008)

18 Jun

ADVERTISE HERE .