“ဖလမ်းမြို့ Placement Test အထူးအစီအစဉ်မှာ ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆို”

18 Jun

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်မှာ ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Placement Test အထူးအစီအစဉ်က အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိနေခဲ့သော ကျောင်းနေအရွယ်ကလေးများကို ပညာရေးစနစ်အတွင်း ပြန်လည် ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးတဲ့ အစီအစဉ်တစ်ရပ် ဖြစ်ပါတယ်။ အဆင့်သတ်မှတ်စာမေးပွဲကို ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်း အပါအဝင် မြို့နယ်အတွင်းရှိ စာစစ်ဌာနရှစ်ခုဖြစ်တဲ့ လုမ်ဘန်း၊ ဗားလုံ၊ ဆွောင်းဒို၊ ခေါပွါလ်၊ ဇောင်းသဲ၊ လုမ်သဲနှင့် ဝေဘူလ် ဒေသများတွင် ဇွန်လ ၁၅ ရက်မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

18 Jun

ADVERTISE HERE .