“ဖလမ်းမြို့မှာ ကာကွယ်ဆေးထိုးနှံမှုများ စတင်ထိုးနှံပေး”

18 Jun

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ကလေးငယ်များကို အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဖလမ်းမြို့ကို ဧပြီလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ၊ အမိုးသွပ်နှင့်ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး ဒေသ တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

18 Jun

ADVERTISE HERE .