“ကတိကဝတ်များကို မလိုက်နာပါက အီရန်အပေါ် အချိန်မရွေးဗုံးကြဲမည်ဟု ထရမ့် သတိပေး”
18 Jun
အမေရိကန်နှင့်အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်ရန်သဘောတူညီချက်ကို လက်မှတ်မထိုးမီ နှစ်ရက်အလိုတွင် အီရန်အနေဖြင့် သဘောတူညီချက်ပါ ကတိကဝတ်များကို လိုက်နာခြင်းမရှိ ပါက အီရန်အပေါ် အချိန်မရွေးဗုံးကြဲမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁၇ ရက်တွင် ပြင်းထန်စွာ သတိပေးလိုက်သည်။ ဇွန်လ ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်ထိုးရန်စီစဉ်ထားသည့် သဘောတူညီချက် နှင့်ပတ်သက်၍ ယခုသဘောတူညီချက်သည် အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သေးကြောင်း၊ နားလည်မှုစာချွန် လွှာ အဆင့်သာရှိသေးကြောင်း ပြင်သစ်နိုင်ငံ၌ကျင်းပနေသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ထရမ့် က ပြောထားသည်။ အမေရိကန်နှင့်အစ္စရေးပူးပေါင်းမှုဖြင့် အီရန်နိုင်ငံအပေါ် တိုက်ခိုက်ခဲ့သည့်စစ်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက် တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ဧပြီလတွင် အပစ်အခတ်ရပ်စဲရေးရရှိကာ ယခုအခါ အမေရိကန်နှင့်အီရန်တို့ကြား ငြိမ်းချမ်းရေးရရှိရန် မူဘောင်အဖြစ် နားလည်မှုစာချွန်လွှာကို သဘောတူထားပြီ ဖြစ်သည်။ ထိုနားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးပြီးသည်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ချက်ချင်းစတင်မည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ဆွေးနွေးရမည်ဖြစ်သည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။