“ရန်ကုန်ပညာရေးတက္ကသိုလ်၌ ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာသင်တန်း စတင်လျှောက်ထားနိုင်”

17 Jun

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း (Postgraduate Diploma in English - PGDip (Postgraduate Eng) ကို ယနေ့ ဇွန်လ ၁၇ ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းသို့ အသက်(၆၀)အောက် ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပြီး သင်တန်းကို လာမယ့် ဇွန်လ ၂၂ ရက်တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းသားများအနေနဲ့ မိမိတို့အဆင်ပြေမည့် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့ တို့တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ (သို့မဟုတ်) စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ (သို့မဟုတ်) စနေနေ့နှင့် တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ် အချိန်စာရင်းအတိုင်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။ စိတ်ပါဝင်စားသူများသည် ဇွန်လ ၁၇ ရက် နံနက် ၉ နာရီမှစတင်ကာ Website - www.yuoe.edu.mm သို့ အွန်လိုင်းစနစ်ဖြင့် လျှောက်လွှာတင်သွင်းနိုင်ပြီး သတ်မှတ်လူဦးရေပြည့်သည်အထိ လက်ခံသွားမှာဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းများအတွက် သီးခြားလျှောက်လွှာပုံစံ ထည့်သွင်းပေးထားပြီး ဝန်ထမ်းမဟုတ်သူများအနေဖြင့် "MoE Staff Only" အကွက်တွင် လျှောက်ထားခွင့်မရှိကြောင်း သိရပါတယ်။ Online Booking အောင်မြင်သူများစာရင်းကို ရန်ကုန်ပညာရေးတက္ကသိုလ်ဝက်ဘ်ဆိုက် (www.yuce.edu.mm) တွင် ကြေညာပေးသွားမှာဖြစ်ပြီး အောင်မြင်သူများသည် ဇွန်လ ၁၈ ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားရေးရာဌာနသို့ လိုအပ်သောစာရွက်စာတမ်း(မူရင်း)များနှင့်အတူ သွားရောက်ပြသကာ ကျောင်းအပ်နှံရမှာ ဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်ပညာရေးတက္ကသိုလ် ဝက်ဘ်ဆိုက် (www.yuoe.edu.mm) နှင့် သင်တန်းရေးရာဌာန (ရန်ကုန်ပညာရေးတက္ကသိုလ်)တွင် သွားရောက်စုံစမ်း နိုင်ကြောင်း သိရပါတယ်။ (NVS-004)

17 Jun

ADVERTISE HERE .