“ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စွန့်စားလုပ်ဆောင်နေရတယ်လို့ပြောခဲ့တဲ့ ဆာကာ”
17 Jun
အင်္ဂလန်တိုက်စစ်ကစားသမား ဆာကာ က ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စွန့်စားလုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာကာ က ခရိုအေးရှားအသင်းနဲ့ ကစားမယ့် အဖွင့်ပွဲစဉ်အတွက် အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ ဆာကာ ဟာ ပြီးခဲ့တဲ့မတ်လကတည်းက ခြေဖနောင့်ဒဏ်ရာရှိနေပြီး အာဆင်နယ်အသင်းနဲ့ အင်္ဂလန်အသင်းတွေအတွက် ကစားချိန် အကန့်အသတ်ဖြစ်ခဲ့တယ်။ အင်္ဂလန်အသင်းရဲ့ မတ်လအတွင်း နိုင်ငံတကာရက်သတ္တပတ်ကို လွဲချော်ကာ အာဆင်နယ်အသင်းအတွက် ခုနစ်ပွဲ မကစားနိုင်ခဲ့ပေမယ့် ရာသီအဆုံးသတ်ပိုင်းမှာ ၂၂ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းနည်းပြ တူချယ် က ဆာကာ ရဲ့ အခြေအနေဟာ ဂရုစိုက်ဖို့လိုပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံး ပွဲချိန်ပြည့်ကစားဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆာကာ ဟာ အင်္ဂလန်အသင်းအတွက် ၄၉ ပွဲ ကစားထားပြီး ခရိုအေးရှားနဲ့ပွဲ ကစားခွင့်ရရင် ပွဲ ၅၀ ပြည့် မြောက်မှာ ဖြစ်ပါတယ်။ (NVS 008)