“အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် ပျက်ကျမှုဖြစ်ပွားပြီး လူရှစ်ဦသေဆုံး”

17 Jun

လူရှစ်ဦးကို တင်ဆောင်လာသော အမေရိကန်လေတပ်မှ B-52 Stratofortress ဗုံးကြဲလေယာဉ်သည် ဇွန်လ ၁၅ ရက်တွင် ပျက်ကျမှုဖြစ်ပွားရာ လိုက်ပါလာသူရှစ်ဦးစလုံး သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း တာဝန်ရှိသူများကပြောသည်။ အဆိုပါဗုံးကြဲလေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် မိုဂျာဗီ ကန္တာရရှိ အတ်ဝါ့ လေတပ်စခန်းမှ ပျံသန်းထွက်ခွာပြီး မကြာမီမှာပင် ပျက်ကျသွားခြင်းဖြစ်ကြောင်း လေတပ်စခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုဗုံးကြဲလေယာဉ်သည် ပုံမှန်လုပ်နေကျ စမ်းသပ်မှုလုပ်ငန်းလုပ်ဆောင်ရန် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ လျင်မြန်စွာသွားရောက်ကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သော်လည်း လေယာဉ်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်းနှင့် လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လေတပ်စခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် လေယာဉ်ကွင်းကို ပိတ်ထားလိုက်ပြီး ဆင်းသက်မည့်လေယာဉ်များကို လမ်းကြောင်းလွှဲပေးလိုက်ရကြောင်းနှင့် လက်ရှိအချိန်တွင် လေတပ်စခန်းသို့ ဝင်ထွက်မှုများ ဆိုင်းငံ့ထားကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

17 Jun

ADVERTISE HERE .