“ယခုရရှိသည့် သဘောတူညီချက်အရ အီရန်အနေဖြင့် မည်သည့်အခါမျှ နျူကလီးယားလက်နက် ပိုင်ဆိုင် ရတော့မည်မဟုတ်”
17 Jun
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့က ယခုလက်မှတ်ထိုးထားသည့် သဘောတူညီချက်အရ အီရန်နိုင်ငံသည် မည်သည့်အခါမျှ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ရတော့မည်မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁၆ ရက် တွင်ပြောသည်။ ထရမ့် က ၎င်းတို့အနေနဲ့ အီရန်နှင့်သဘောတူညီချက် ကိုရရှိခဲ့ပြီး သဘောတူညီချက်က အောင်မြင်လိမ့်မည်ဖြစ်ကြောင်း၊ နောက်တစ်ဆင့် ဆွေးနွေးမှုများသည် ယခုထက်ပိုပြီး လွယ်ကူလိမ့်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ၌ကျင်းပသော G7 ထိပ်သီးညီလာခံ၌ သတင်းထောက် များကို ပြောသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သည် အီရန်နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာဘီလီယံ ၃၀၀ ပေးမည်ဟူသောသတင်းသည် ကောလာဟလသာဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်နိုင်ငံ၌ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျှမရှိနေကြောင်း ထရမ့် က ဆက်ပြောသည်။ ထို့အတူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အနေဖြင့် လက်ဘနွန်နိုင်ငံနှင့်ပတ်သက်၍ ပိုမိုတာဝန်ခံရတော့မည်ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံက လက်ဘနွန်နှင့် ဟစ်ဇဘိုလာ တို့အပေါ် ၎င်းတို့သဘောရှိသည့်အတိုင်း လုပ်ဆောင်နေမှုကို ထရမ့်အနေဖြင့် သဘောမကျကြောင်း၊ အစ္စရေးအနေဖြင့် ဟစ်ဇဘိုလာကိစ္စကို ဆီးရီးယားထံသို့သာ တာဝန်လွှဲထားစေချင်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် အကောင်းဆုံးလုပ်နိုင်ကြောင်း ထရမ့် က ပြောထားသည်ဟု ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။