“ထူးကဲဒီရေတက်ချိန် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်မြစ်အတွင်း ရေယာဉ်များ သတိပြုသွားလာရန် သတိပေးထား”

17 Jun

ရန်ကုန်မြို့မှာ ထူးကဲဒီရေတက်မယ့် ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်များအနေဖြင့် အထူးသတိပြု သွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ မိုလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများမှာ ဇွန်လ ၁၆ ရက် ညနေပိုင်းအထိ မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပါတယ်။ အဆိုပါမိုးတိမ် တောင်များ ရွေ့လျားရာဒေသများမှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူများအနေနဲ့ ကြိုတင် သတိပြုနေထိုင်ကြရန် အသိပေးထားပါတယ်။ (NVS 004)

17 Jun

ADVERTISE HERE .