“ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရေး အတည်ပြု”
17 Jun
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန်လ ၁၅ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေးဒုတိယနေ့မှာ မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးနေလင်းစိုး တင်သွင်းခဲ့သော တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ရပ်စဲစေလိုခြင်းနှင့် ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ထောက်ခံကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီနောက် လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ လွှတ်တော်က ယင်းအဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
17 Jun