“မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးမှာ ဝါဆိုခြင်းအလှခတ်ပွဲတော် စတင်ကျင်းပ”
17 Jun
မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးမှာ (၉၈)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ဇွန်လ ၁၆ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။ ဝါဆိုခြင်းအလှခတ်ပွဲတော်မှာ မြန်မာနိုင်ငံဒေသအသီးသီးမှ ရိုးရာခြင်းအသင်းပေါင်း ၉၀၀ ပါဝင် ကစားကြ မည်ဖြစ်ကာ ၄၅ ရက်တိုင်တိုင် ခြင်းခတ်ကစားကြမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီခွဲအချိန်က မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါပွဲတော်ကို နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်မြတ်နိုးနိုး တန်ဖိုးထားစေရန်နှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းရန်ရည်ရွယ်၍ ကျင်းပခြင်းလည်းဖြစ်ပါတယ်။ (NVS 004)
17 Jun