“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှာအလှူငွေ ကျပ်သိန်း ၂၀၀ လှူဒါန်း”

16 Jun

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ပါတယ်။ လတ်တလောမှာ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က (၁၈) ကြိမ်မြောက် မျက်စိအလှူအဖြစ် ပထမနေ့မှာ လူနာ ၇၃၉ ဦး၊ ဒုတိယနေ့တွင် လူနာ ၅၁၁ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးရာ စုစုပေါင်း လူနာ ၁,၂၅၀ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလိုဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန် တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

16 Jun

ADVERTISE HERE .