“ဖလမ်းနေရပ်ပြန်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးထောက်ပံ့ပေး”
16 Jun
စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေရသော ချင်းပြည်နယ်၊ ဖလမ်းဒေသခံ များက တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာပြီဖြစ်သော ဖလမ်းမြို့သို့ အသီးသီးပြန်လည် ဝင်ရောက်နေထိုင် လာခဲ့ကြပါတယ်။ အခုလိုပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှပေးပို့သော ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို အိမ်ထောင်စု ၇၃ စုကို ဇွန်လ ၁၃ ရက်ကထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့ပေးမှုကို မေလ ၆ ရက်မှ မေလ ၂၅ ရက်အထိ ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံအိမ်ထောင်စု ၇၃ စုအတွက် ပထမအကြိမ်အဖြစ် ထောက်ပံ့ ပေးခြင်းဖြစ်ပြီး မေလ ၂၅ ရက်နောက်ပိုင်းတွင် ပြန်လည်ဝင်ရောက်လာသူများကိုလည်း ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
16 Jun