“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကို တရုတ်နိုင်ငံအစိုးရအဖွဲ့မှ ဂုဏ်ပြုကြိုဆို”

16 Jun

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြား ချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းမှာ ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်မှာ ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်နဲ့ ထွက်ခွာ ခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport မှာ တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်က မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး အတွက် အရေးပါတဲ့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် တစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

16 Jun

ADVERTISE HERE .