“ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြုလုပ်ခဲ့”
16 Jun
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၁၅ ရက်က ကျင်းပခဲ့ရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင် မင်းကျောင်းဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီး ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ ကြွရောက်တော်မူ ခဲ့ကြပါတယ်။ တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ လမ်းညွှန်ဩဝါဒမြွက်ကြားချက် များကို နာယူကြည်ညိုခဲ့ကြပါတယ်။ အဲဒီနောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးက ဘွဲ့ရရှိကြသူ များ၏ အတည်ပြုလွှာများကို လက်မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြတဲ့ ကျောင်းသား/သူများ ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့ပါတယ်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်မှာ စာအောင်သံဃာတော်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း က သံဃာတစ်ပါးလျှင် အလှူငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် သံဃာ ၁၁၁ ပါး အတွက် အလှူငွေ ကျပ် ၃,၃၃၀,၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။ (NVS 004)