“မြန်မာ့လက်ရွေးစင်အသင်း ဇူလိုင်လ ၁၈ ရက်မှာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းကစားမယ်”

16 Jun

မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့်ဇူလိုင်လ ၁၈ ရက်မှာ ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ယှဥ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အခုခြေစမ်းပွဲကို ဗီယက်နမ် နိုင်ငံ၊ ထရိုင်ငုရင်မြို့ရှိ ပရိသတ် ၂၂၀၀၀ ဆံ့ ထရိုင်ငုရင်ကွင်းမှာ ယှဥ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဗီယင်နမ်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ဆောင်ဆစ်ဟာ လက်ရှိမှာ ကစားသမား ၂၈ ဦးကို ရွေးချယ်ထားပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဗီယက်နမ်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံထားခဲ့တာ ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာဖြစ်ပြီး ၎င်းပွဲစဉ်မှာ ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ (NVS 008)

16 Jun

ADVERTISE HERE .