“ချဲလ်ဆီးအသင်းနောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူခဲ့တဲ့ ရီးရဲလ်အသင်း”
16 Jun
ရီးရဲလ်အသင်းဟာ ချဲလ်ဆီးအသင်းနောက်ခံကစားသမား ကူကူရယ်လာ ကို ပေါင် ၅၁ ဒသမ ၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက ကူကူရယ်လာ အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၄ ဒသမ ၃ သန်း ပေးချေရမှာဖြစ်ပါတယ်။ ကူကူရယ်လာ ဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် မရရှိတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ကူကူရယ်လာ ကို ၂၀၂၂ နွေရာသီမှာ ဘရိုက်တန်အသင်းကနေ ပေါင် ၆၃ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ကူကူရယ်လာ ကို ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ကလည်း ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ကြပေမဲ့ ရီးရဲလ်အသင်းက လက်ဦးမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
16 Jun