“ဂိုးသမားတွေထဲမှာ ကမ္ဘာ့ဖလားပွဲအများဆုံးကစားထားတဲ့ ဟူဂိုလိုရစ် ရဲ့ စံချိန်ကို နူအာ လိုက်မီ”
16 Jun
ဂျာမနီအသင်းရဲ့ ၀ါရင့်ဂိုးသမား နူအာ ဟာ ဂိုးသမားတွေထဲမှာ ကမ္ဘာ့ဖလားပွဲအများဆုံးကစားထားတဲ့ ဟူဂိုလိုရစ် ရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ နူအာ က ကူရာဆာအသင်းနှင့်ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့တာကြောင့် ကမ္ဘာ့ဖလားပွဲစဉ် ပွဲ ၂၀ မြောက် ယှဉ်ပြိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်ဂိုးသမားဟောင်း ဟူဂိုလိုရစ် ရဲ့စံချိန်ကို လိုက်မီသွားခဲ့ ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဟူဂိုလိုရစ် က ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်မှာ ပွဲ ၂၀ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ နူအာ က ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက် ယှဉ်ပြိုင်တာဖြစ်ပြီး ဒီပြိုင်ပွဲပြီးရင် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံး ၅ ဦး စာရင်း ထဲရောက်ရှိလာနိုင်ပါတယ်။ (NVS 008)
16 Jun