“တရုတ်တပ်မတော်အနေဖြင့် အင်အားတောင့်တင်းခိုင်မာလာခြင်းက ကမ္ဘာကြီး၏ငြိမ်းချမ်းရေးအတွက်ဖြစ်”

16 Jun

တရုတ်တပ်မတော်အနေဖြင့် အင်အားတောင့်တင်းခိုင်မာလာခြင်းသည် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးအတွက် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံ၏ ဒုံးကျည်စွမ်းပကား တိုးတက် လာခြင်းကြောင့် ဩစတြေးလျနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်နိုင်ခြေမြင့်မားလာနေကြောင်း တတ်သိပညာရှင်များ အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ ပြန်လည်ချေပလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် တရုတ် နိုင်ငံသည် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းရန် ကတိပြုထားသည့် အတွက် Lowy Institute ၏ ထုတ်ပြန်ချက်ပါအချက်အလက်များသည် လွန်စွာမှားယွင်းနေကြောင်း၊ တရုတ်နိုင်ငံ၏ တပ်မတော်က အင်အားတောင့်တင်းခိုင်မာလာခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အင်အားတောင့်တင်းလာခြင်းပင် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သတင်းထောက်များ ကိုပြောသည်။ အလားတူ ပြင်ပပညာရှင်များဖြင့်သာ ဖွဲ့စည်းထားသည်ဆိုသည့် တတ်သိပညာရှင်အဖွဲ့အစည်းများ အနေဖြင့် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုဟူသော စကားလုံးကို မကြာခဏသုံးစွဲကာ အခြေအနေများကို ပိုမို ပြင်းထန်လာအောင် မလုပ်ဆောင်ရန်၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောဆောင်သော၊ မျှတမှု ရှိသော ဆင်ခြင်တုံတရားရှိသော အမြင်မျိုးဖြင့် ရှုမြင်ပေးရန် လင်ကျန်းက တိုက်တွန်းထားသည်ဟု ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။

16 Jun

ADVERTISE HERE .