“အေစီမီလန်နည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ အာမိုရင်”

15 Jun

မန်ယူအသင်းနည်းပြဟောင်း ရူဘင်အာမိုရင် ဟာ အေစီမီလန်နည်းပြရာထူးအတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မန်ယူအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ အာမိုရင် ရဲ့ကိုယ်စားလှယ်တွေနဲ့ အေစီမီလန်အသင်းအကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ သဘောတူညီမှုရဖို့ နီးစပ်တဲ့အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။ အာမိုရင် ဟာ မကြာသေးခင်ကလည်း ဘင်ဖီကာအသင်းနဲ့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ မာကိုဆေးလ်ဗား ကို ခန့်အပ်ခဲ့ ပါတယ်။ အာမိုရင် အနေနဲ့ အေစီမီလန်အသင်းနည်းပြဖြစ်လာပါက သြဂုတ်လ ၁၈ ရက် ပိုလန်မှာကစားမယ့် ရာသီကြိုခြေစမ်းပွဲမှာ အသင်းဟောင်း မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ (NVS 008)

15 Jun

ADVERTISE HERE .