“ရီးရဲလ်နည်းပြဟောင်း အာဘီလိုအာ က ဖူလ်ဟမ်အသင်းကို ကိုင်တွယ်ဖွယ်ရှိနေ”

15 Jun

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း အာဘီလိုအာ ဟာ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဖူလ်ဟမ်အသင်းဟာ ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့သွားတဲ့ မာကိုဆေးလ်ဗား ရဲ့နေရာမှာ အာဘီလိုအာနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အာဘီလိုအာ အနေနဲ့ ရီးရဲလ်အသင်းကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် အာဘီလိုအာ လက်ထက်မှာ ရီးရဲလ်အသင်းဟာ ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာဘီလိုအာ ဟာ ယခင်နည်းပြအတွေ့အကြုံအဖြစ် ရီးရဲလ်အသင်းနဲ့သာ ဖြတ်သန်းခဲ့ပြီး လူငယ်အသင်းတွေကနေ အသင်းကြီးကို ယာယီနည်းပြအထိ တာဝန်ယူခဲ့ပါတယ်။ အာဘီလိုအာ ဟာ ကစားသမား ဘဝမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ (NVS 008)

15 Jun

ADVERTISE HERE .