“နိုင်ငံခြားကစားသမား ၃ ဦးအထိ ခေါ်ယူထားခဲ့တဲ့ ဧရာဝတီအမျိုးသမီးအသင်း”
15 Jun
လက်ရှိရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်မယ့် လက်ရှိချန်ပီယံဧရာဝတီအမျိုးသမီးအသင်းဟာ နိုင်ငံခြား ကစားသမား ၃ ဦးအထိ ခေါ်ယူထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ ဘင်္ဂလားဒေ့ရှ်စားသမား ရီတုပေါ်နာချက်မား၊ ဖိလစ်ပိုင်ကစားသမား အလစ်ဆာအူဘေးနဲ့ ထိုင်းလူငယ်ကစားသမား ခိုပွန်တို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကစားသမား ရီတု ဟာ အသက် ၂၂ နှစ်ရှိပြီး ဘယ်တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။ ရီတု ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၀ ကျော် ကစားပေးထားသူ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကစားသမား အလစ်ဆာ က အသက် ၂၇ နှစ်ရှိပြီး ကွင်းလယ်တိုက်စစ်နဲ့ ခံစစ်နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။ အလစ်ဆာ ဟာ ပြီးခဲ့တဲ့ရာသီက ဧရာဝတီအသင်းမှာ ရာသီဝက် အငှားနဲ့ လာရောက်ကစားခဲ့ပြီး မြန်မာအမျိုးသမီးလိဂ်မှာ ချန်ပီယံဖြစ်အောင် အသင်းကို ပံ့ပိုးကူညီခဲ့သူဖြစ်ပါတယ်။ (NVS 008)