“မြစ်ကြီးနားရှိ မြို့၊ရွာများပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ”

15 Jun

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်လာတဲ့‌မော်တော်ယာဉ်များ မြစ်ကြီးနား မြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာပါတယ်။ ဇွန်လ ၁၃ ရက်က တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိခြင်းဖြစ်ကာ ပထမအကြိမ်အဖြစ် မေလ ၁၂ ရက် တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေလ ၃၁ ရက်တို့တွင် ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ အခုထောက်ပံ့ရေးပစ္စည်း များမှာ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ ပါဝင်ပါတယ်။ လက်ရှိမှာ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း-ထီးချိုင့်-ကသာ-အင်းတော်- မော်လူး–နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းကို မေလ ၆ ရက်မှာ အပြည့်အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ (NVS 004)

15 Jun

ADVERTISE HERE .