“အလေးချိန် ၇ သောင်းကျော်ကရက်ရှိ နီလာအရိုင်းတုံးကြီးနှင့် အလေးချိန် ၂ ထောင်ခန့်ရှိ နီလာပုံဆောင်ခဲတို့ကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး”

15 Jun

မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိပြီး ထူးခြားလှပကာ အရွယ်အစားကြီးမားတဲ့ နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄,၃၀၀ ဂရမ်(၇၁,၅၀၀ ကရက်)နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ်(၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော်သို့ လာရောက်အပ်နှံခဲ့ကြောင်း သိရပါတယ်။ အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၁၄ ရက်နံနက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံး၊ ဧည့်ခန်းမဆောင်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များကို နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရပါတယ်။ ၂၀၀၉ ခုနှစ်ကလည်း အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိ နီလာအရိုင်းတုံးကိုရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာအရိုင်းတုံးကြီးသည် အလေးချိန် ၁၄,၃၀၀ ဂရမ်(၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားတာကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီးရှားပါးကာ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်းမှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိနေတဲ့ နီလာအရိုင်းတုံးကြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

15 Jun

ADVERTISE HERE .