“ဇိနမာရ်အောင်စေတီတော်မြတ်ကြီးမှာ အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်းပြုလုပ်မည်”

15 Jun

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဧရာဝဏ်လမ်းမကြီးမှ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် အုတ်ရေမြောင်းတူးဖော်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရပါတယ်။ အခုလိုပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဇွန်လ ၁၃ ရက်မှာ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် ဇွန်လ ၁၂ ရက်ကလည်း ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ ဧရာဝဏ်လမ်းမကြီးမှ မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းနှင့် အုတ်ရေမြောင်းဖြစ်မြောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

15 Jun

ADVERTISE HERE .