“ဟားခါးမြို့နေပြည်သူနှင့် နေရပ်ရှောင်ပြည်သူများကို အခမဲ့ကွင်းဆင်းဆေးကုသပေး”
15 Jun
ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုနဲ့ ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများကို အခမဲ့ကွင်းဆင်းဆေးကုသပေးလျက် ရှိကြောင်း သိရပါတယ်။ အခုလိုကွင်းဆင်းကုသမှုူကို နိုင်ငံတော်၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက် ၁၀၀ စီမံချက်နဲ့ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး အထူးကုဆရာဝန်(ဆေးပညာ)၊ အထူးကုဆရာဝန်(ခွဲစိတ်)၊ အထူးကု ဆရာဝန်(သားဖွား/မီးယပ်)၊ အထူးကုဆရာဝန်(အရိုး/အကြော)နှင့် အထူးကုဆရာဝန်(ကလေး)တို့က ကွင်းဆင်း ကုသပေးနေခြင်းလည်းဖြစ်ပါတယ်။ အခမဲ့ကွင်းဆင်းဆေးကုသပေးသည့် နေရာသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ က ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးစစ်ဆေးမှုခံယူနေသည့် နေရပ်ရှောင်ပြည်သူများကို တွေ့ဆုံ အားပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)