“လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်”
15 Jun
လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုသောဈေးနှုန်းဖြင့် ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားပါတယ်။ လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုတဲ့နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့တဲ့ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့တဲ့ Agent အမည်၊ ဝယ်ယူခဲ့ရသည့်ဈေးနှုန်းနှင့် ငွေပေးချေတဲ့ အထောက်အထားစသည့် တိကျတဲ့သတင်း အချက်အလက်များနှင့်အတူ သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချတဲ့ မည်သူမဆို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ထားပါတယ်။ (NVS 004)