“ဘရာဇီးတိုက်စစ်ကစားသမား နေမာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အားလုံးကို လွဲချော်”
14 Jun
ဘရာဇီးအသင်း တိုက်စစ်ကစားသမား နေမာ အနေနဲ့ ခြေသလုံးကြွက်သားဒဏ်ရာမှာ ကြံ့ခိုင်မှုမပြည့်ဝ သေးလို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အားလုံးကို လွဲချော်မည်ဖြစ်ကြောင်း သိရပါတယ်။ နေမာ အနေနဲ့ လက်ရှိတွင် အသင်းနှင့်အတူ ပူးပေါင်းလေ့ကျင့်မှုများ လုပ်ဆောင်နေပြီဖြစ်သော်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရန်လိုအပ်နေပြီး ဘရာဇီးအသင်းရဲ့ အုပ်စုပွဲစဉ်သုံးပွဲဖြစ်သည့် မော်ရိုကို၊ ဟေတီ၊ အီဂျစ်အသင်းတို့နှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်များကို လွဲချော်မှာဖြစ်ပါတယ်။ နေမာ ဟာ နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများကြောင့် ဘရာဇီးအသင်း၌ ကာလအတန်ကြာ ပါဝင်ကစားခွင့်မရရှိဘဲ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ နည်းပြ အန်ဆယ်လော့တီ ရဲ့ ယုံကြည်မှုနှင့်အတူ အသင်းကစားသမားစာရင်းတွင် ပါဝင်လာခြင်းဖြစ်ပါတယ်။ နေမာ အနေနဲ့ ပြိုင်ပွဲမစတင်မီ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့လို့ အနားယူရမှာဖြစ်ပြီး အုပ်စုပွဲစဉ်အားလုံးနဲ့ လွဲချော်နိုင်သော်လည်း ဘရာဇီးအသင်း ၃၂ သင်း ရှုံးထွက် အဆင့် တက်ရောက်နိုင်မှသာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)