“လာမည့်ရက်ပိုင်းအတွင်း အမေရိကန်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မည်ဟု အီရန်ပြော”

14 Jun

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာတစ်ခုကို လာမည့်ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီ က ဇွန်လ ၁၂ ရက်ညပိုင်းတွင် အတည်ပြုပြောထားသည်။ နားလည်မှုစာချွန်လွှာတွင်ပါဝင်သော အချက်အလက်များကို အတည်ပြုပြီးပါက နှစ်နိုင်ငံစလုံးက သက်ဆိုင်ရာနိုင်ငံများမှနေ၍ ဒစ်ဂျစ်တယ်နည်းအရ လက်မှတ်ထိုးမည်ဖြစ်ပြီး ယင်းနောက်တွင် တရားဝင်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် IRIB TV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အာဘတ်အာရက်ချီ က ပြောခြင်းဖြစ်သည်။ ယင်းကဲ့သို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပြီးပါက နှစ်နိုင်ငံစလုံးအနေဖြင့် နောက်ထပ်စစ်ပွဲအသစ်ကို စတင်မှုမပြုရန် ကတိပြုရမည်ဖြစ်ကြောင်း၊ ယင်းနောက်တွင် ဒုတိယအဆင့်ဆွေးနွေးမှုကို လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အချိန်အားဖြင့် ရက်ပေါင်း ၆၀ အတွင်း ဖြစ်မည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း နောက်ဆုံး သဘောတူညီချက်ရရှိအောင် ဆွေးနွေးရမည်ဖြစ်ပြီး အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားရန်နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း အာဘတ်အာရက်ချီ ကပြောသည်။

14 Jun

ADVERTISE HERE .