"ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ရန်လျာထား”
12 Jun
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့ရန် လျာထားလျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။ ထိုကဲ့သို့တင်ပို့ရာတွင် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံနှင့် တခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိပါတယ်။ လတ်တလောတွင် ထိုင်းနိုင်ငံဈေးကွက်၌ ပြောင်းဈေးနှုန်းများ ကောင်းမွန်နေသည့်အတွက် မြန်မာ့ပြောင်းများ ဈေးကောင်းရရှိနေပါတယ်၊၊ မြန်မာနိုင်ငံ၏ ပြောင်းစိုက်ပျိုးရေးကဏ္ဍသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ပြောင်းအများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရပါတယ်။ အဆိုပါစိုက်ပျိုးထွက်ရှိသောပြောင်းများကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိတာကြောင့် နိုင်ငံခြားဝင်ငွေရရှိစေတဲ့ အရေးပါသော ပို့ကုန်သီးနှံ တစ်မျိုးဖြစ်လာကြောင်း သိရပါတယ်။(NVS-004)