“အေစီမီလန်အသင်းက လစ်လပ်နေသည့် အသင်းနည်းပြအတွက် နည်းပြ ဂလက်နာ ကိုခန့်အပ်ရန် နီးစပ်နေ”
12 Jun
အေစီမီလန်အသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လမ်းခွဲခဲ့ ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ ဂလက်နာ အား ခန့်အပ်ရန်နီးစပ်နေကြောင်း သိရပါတယ်။ နည်းပြ ဂလက်နာ အနေနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အက်ဖ်အေဖလားနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကွန်ဖရန့်လိဂ်ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပအဆင့်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ဂလက်နာ နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ စာချုပ်သက်တမ်းမှာ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုသော်လည်း နည်းပြ ဂလက်နာ ကိုယ်တိုင် က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အေစီမီလန်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်မှာ ကက်ဂလီယာရီအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့ပြီးနောက် နည်းပြ အယ်လီဂရီ အား ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ ခရစ္စတယ် ပဲလေ့စ်အသင်းကို ဆုဖလားများဆွတ်ခူးပေးနိုင်သည်အထိ အောင်မြင်မှုများရယူနိုင်ခဲ့တဲ့ နည်းပြ ဂလက်နာ ကို အေစီမီလန်အသင်းက နည်းပြသစ်ခန့်အပ်ရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ သဘောတူညီမှုရရှိရန် နီးစပ်နေပြီး လာမည့်ရက်သတ္တပတ်အတွင်း အပြီးသတ်ခန့်အပ်ဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)