“ရီးရဲလ်မက်ဒရစ်အသင်းက အယ်ဗာရက် ကိုခေါ်ယူရန်ကမ်းလှမ်းမှု ပယ်ချခံရ”

12 Jun

အက်သလက်တီကိုအသင်းက အသင်းမှတိုက်စစ်ကစားသမား အယ်ဗာရက် အားခေါ်ယူရန် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စတာလင်ပေါင် သန်း ၁၃၀ ဖြင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြစ်သော စတာလင်ပေါင်သန်း ၁၃၀ ဖြင့် အယ်ဗာရက် အား ခေါ်ယူရန်ကမ်းလှမ်းမှုကို အက်သလက်တီကိုအသင်းဘက်က အတည်ပြုပြီးနောက် ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။ အယ်ဗာရက် ကို အစောပိုင်းကတည်းက ရီးရဲလ်အသင်းနှင့် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းက ခေါ်ယူရန်ကြိုးပမ်းနေသော်လည်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူရန်ခက်ခဲနေချိန်တွင် ရီးရဲလ်အသင်းက တရားဝင်ကမ်းလှမ်းမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် အက်သလက်တီကိုအသင်းက အယ်ဗာရက် ကို ရောင်းချမှာမဟုတ်ဘဲ သူ့ရဲ့ စာချုပ်လျော်ကြေးက စတာလင်ပေါင် သန်း ၅၀၀ ရှိတဲ့ ကစားသမားဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

12 Jun

ADVERTISE HERE .