“ဘာစီလိုနာအသင်းက အီဂျစ်ကလပ် အယ်လ်အာလီအသင်းမှ ဟမ်ဇာ ကို အပြီးသတ်ခေါ်ယူ”

12 Jun

ဘာစီလိုနာအသင်းက ယခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီဂျစ်ကလပ် အယ်လ်အာလီအသင်းမှ အငှားစာချုပ်ဖြင့်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟမ်ဇာ ကို ပြောင်းရွှေ့ကြေး ယူရို ၁ ဒသမ ၅ သန်းဖြင့် အပြီးသတ် ခေါ်ယူခဲ့ကြောင်း Fotmob သတင်းဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ဟမ်ဇာ အနေနဲ့ ဘာစီလိုနာလူငယ်အသင်းတွင် ခြေစွမ်းပြသနိုင်ခဲ့လို့ ရာသီအကုန်တွင် အယ်လ်အာလီအသင်းနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် အပြီးသတ်ခေါ်ယူကာ ကလပ်အသင်း နှစ်သင်း လုံးက ၎င်းရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဟမ်ဇာ ဟာ မေလ ၂၀ ရက်က ကစားခဲ့တဲ့ ရုရှားအသင်းနှင့်ခြေစမ်းပွဲစဉ်တွင် အီဂျစ်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပြီး လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အီဂျစ်အသင်းတွင် ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။(NVS 008)

12 Jun

ADVERTISE HERE .