“မန်စီးတီးအသင်းက နော်တင်ဟမ်အသင်းမှ အန်ဒါဆန် ကိုခေါ်ယူရန် သဘောတူညီမှုရရှိ”
12 Jun
မန်စီးတီးအသင်းက နော်တင်ဟမ်အသင်း ကွင်းလယ်လူ အန်ဒါဆန် ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၀၆ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ နောင်တင်ဟမ်အသင်းမှ အန်ဒါဆန် ကိုခေါ်ယူရန် ကနဦးပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၅ သန်းဖြင့်ခေါ်ယူရန် ကြိုးပမ်းခဲ့ရာ သဘောတူညီမှုမရခဲ့လို့ ဒုတိယအကြိမ်မှာ စတာလင်ပေါင် ၁၀၆ သန်းဖြင့် ထပ်မံကမ်းလှမ်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ အန်ဒါဆန် က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၂၉ ခုနှစ်ထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အန်ဒါဆန် ဟာ ၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်မှ နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ ခဲ့ရာ နော်တင်ဟမ်အသင်းတွင် ခြေစွမ်းပိုင်းတိုးတက်လာခဲ့ပြီး အသင်းနှင့်အတူ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၉၂ ပွဲ ကစားကာ ခြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။(NVS 008)