“ပြည်ဝင်ခွင့် ငြင်းဆန်ခံရတဲ့ ဆိုမာလီဒိုင်လူကြီး ဥရောပစူပါဖလားပွဲအတွက် တာဝန်ပေးခံရ”
12 Jun
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တာဝန်ပေးခံရပေမယ့် အမေရိကန်ပြည်ဝင်ခွင့် ငြင်းဆန်ခံရတဲ့ ဆိုမာလီ ဒိုင်လူကြီး အိုမာအာတန် ဟာ ဥရောပစူပါဖလားပွဲအတွက် တာဝန်ပေးခံခဲ့ရပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ PSG နဲ့ ယူရိုပါလိဂ်ချန်ပီယံ အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ၂၀၂၆ ဥရောပစူပါဖလားပွဲကို သြဂုတ်လ ၁၂ ရက်မှာ သြစတြီးယားနိုင်ငံ၊ Salzburg မြို့၌ ပြုလုပ်မှာဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)နဲ့ ဆွေးနွေးပြီးနောက် အာတန်ကို ဥရောပစူပါဖလားပွဲမှာ တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အာတန် ဟာ ၂၀၁၅ CAF အကောင်းဆုံးဒိုင်လူကြီး ဆုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကတည်းက ဖီဖာဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရက အာတန် ကို အကြမ်းအဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိတဲ့သံသယနဲ့ ပြည်ဝင်ခွင့်မပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုမာလီနိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ခရီးသွားလာခွင့်မပေးတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ (NVS 008)