“ရုရှားတပ်ဖွဲ့များအတွက် BrahMos ဒုံးကျည်အမှာလက်ခံရန် အသင့်ရှိဟု ကုမ္ပဏီပြော”

12 Jun

BrahMos Aerospace ကုမ္ပဏီအနေဖြင့် ရုရှားတပ်ဖွဲ့များအတွက် BrahMos ဒုံးကျည်အမှာများကို လက်ခံ ရန် အသင့်ရှိနေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီကပြောသည်။ BrahMos ဒုံးကျည်ကို ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်နှင့် ရုရှားနိုင်ငံရှိ မော့စဗာမြစ်တို့ကို အစွဲပြု၍ မှည့်ခေါ်ထားသည့် BrahMos ဒုံးကျည်က ကမ္ဘာပေါ်ရှိ အသံထက်မြန်အနိမ့်ပျံဒုံးကျည်များအနက် တစ်မျိုး အပါအဝင် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ရုရှားနိုင်ငံ၏လိုအပ်ချက်ကို နားလည်သဘောပေါက်ကြောင်း၊ ရုရှား စစ်ဘက်အတွက် မှာယူလာမည်ဆိုပါက အမှာစာများကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိကြောင်း ကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူး အလက်ဇန်းဒါးမက်ဆီချက်က ဆိုသည်။ BrahMos ဒုံးကျည်များကို မြေပြင်သုံး၊ ဝေဟင်သုံးနှင့်ရေပြင်သုံးဟူ၍ အမျိုးအစားသုံးမျိုး ထုတ်လုပ်ထား ပြီး အိန္ဒိယနိုင်ငံက အဆိုပါအမျိုးအစားသုံးမျိုးစလုံးကို ၎င်းတို့၏ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များတွင်အသုံးပြုနေပြီ ဖြစ်သည်။ ဒုံးကျည်၏ ထိရောက်မှုအကွာအဝေးမှာ မိုင် ၁၈၀ ဖြစ်သည်။ လက်ရှိတွင် အဆိုပါဒုံးကျည်ကို ပထမဆုံး ဝယ်ယူသည့် ပြည်ပနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ဒုံးတပ်ခွဲသုံးခွဲစာ ဝယ်ယူထားခြင်းဖြစ်သည်။ ထို့ပြင် ဗီယက်နမ် နိုင်ငံကလည်း အဆိုပါဒုံးကျည်များကိုဝယ်ယူရန် သဘောတူညီချက်ရရှိထားပြီးဖြစ်ကြောင်း RT သတင်းဌာနဖော်ပြ ချက်အရ သိရသည်။

12 Jun

ADVERTISE HERE .