“ဧရာဝတီတိုင်းဒေသကြီးမှာ ဆောင်ရွက်မယ့် နေရောင်ခြည်စွမ်းအင်သုံး ၃၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး”

12 Jun

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ Helio Power Energy Co.,Ltd. ၏ နေရောင်ခြည်စွမ်းအင်သုံး ၃၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မိတ်ဖက်ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ဇွန်လ ၁၀ ရက်မနက်ပိုင်းက ပုသိမ်စက်မှုစီမံကိန်းရုံးမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းက စုစုပေါင်း မဂ္ဂါဝပ် ၉၀ ထုတ်လုပ် မည်ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့် ၃၀ မဂ္ဂါဝပ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ဒေသ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရုံသာမက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလက်မှတ်ထိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)

12 Jun

ADVERTISE HERE .