“ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ ၁၀ ရက်ခန့်မိုးထစ်ချုန်းရွာသွန်းနိုင်”

12 Jun

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၁ ရက်ကထုတ်ပြန်တဲ့ ဇွန်လဒုတိယ ၁၀ ရက်ပတ် အတွက် ခန့်မှန်းချက်များအရ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယား၊ ချင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင်လည်း ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ အဆိုပါ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကာ အနောက်တောင်မုတ်သုံလေက ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ အားကောင်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားအသင့်အတင့်ရှိနိုင်ကြောင်း သိရပါတယ်။ (NVS 004)

12 Jun

ADVERTISE HERE .