“ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ရည်၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို တစ်လထပ်မံတိုးမြှင့်ပေး”

12 Jun

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှု များအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန်လ ၃၀ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးခဲ့ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဒီဇယ်ဆီ HSD(500 ppm) တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း)တို့ကို ဇွန်လ ၃၀ ရက် အထိထပ်မံကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ အဆိုပါအခွန်ကင်းလွတ်ခွင့်က ဇွန်လ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် ဒီဇယ်ဆီ HSD(500ppm)သာ အကျုံးဝင်မှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေနိုင်ရန် တို့အတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ ကင်းလွတ်ခွင့်ကိုလည်း ဇွန်လ ၃၀ ရက်အထိ ထပ်မံခွင့်ပြုပေးခဲ့ ပါတယ်။ အဆိုပါအခွန်ကင်းလွတ်ခွင့်ကလည်း ဇွန်လ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်တင်သွင်းသည့် သဘာဝဓာတ်ငွေ့ရည်သာအကျုံးဝင်မည်ဖြစ်ပါတယ်။ ထို့အတူ ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း)ကိုလည်း ဇွန်လ ၃၀ ရက်အထိ ထပ်မံကင်းလွတ်ခွင့်ပြုခဲ့ကာ ယင်းကင်းလွတ်ခွင့်က ဇွန်လ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာနမှာ Import Declaration (ID)ဖွင့်လှစ်တင်သွင်းတဲ့ ဓာတ်မြေဩဇာများသာ အကျုံးဝင်မှာဖြစ်ပါတယ်။ (NVS 004)

12 Jun

ADVERTISE HERE .