“လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာ”
12 Jun
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဥ်လာရောက်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ (NVS 004)