“မွန်ပြည်နယ်လွှတ်တော်မှာ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းမည်”
12 Jun
ပြည်သူ့အသံများကို ပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်မှာ တိုင်ကြားစာ လေ့လာစိစစ်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်း ပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာ ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့အသံများကို ကျယ်ပြန့်စွာနားထောင်နိုင်ရန်အတွက် တိုင်ကြားစာနှင့် ပတ်သက်တဲ့ ကော်မတီကို ဖွဲ့စည်းပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ကော်မတီဖွဲ့စည်းပြီးပါက တိုင်ကြားစာ များလက်ခံခြင်း၊ စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ တိုင်ကြားစာများအပေါ် ကော်မတီ၏ သဘောထားမှတ်ချက်ကို အစိုးရအဖွဲ့နှင့်ညှိနှိုင်းပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)