“ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ရုရှားနိုင်ငံအမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲသို့တက်ရောက်”

12 Jun

ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဇွန်လ ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့် ရုရှားနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး ရုရှားနိုင်ငံသံရုံး ယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံပညာ ဆိုင်ရာအောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုကိုပြသခဲ့ ကြောင်း သိရပါတယ်။ အဲဒီနောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နှင့်တက်ရောက်လာကြသူများက ညစာသုံးဆောင်ရာ ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများနဲ့ သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

12 Jun

ADVERTISE HERE .