“၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းအဖြစ် အများဆုံးရွေးချယ်ခံရတဲ့ ပြင်သစ်အသင်း”

11 Jun

BBC သတင်းဌာနရဲ့ ဘောလုံးသုံးသပ်သူတွေက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်း ရွေးချယ်စေခဲ့ရာမှာ ပြင်သစ်အသင်း ဗိုလ်စွဲမယ်လို့ ရွေးချယ်သူ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။ BBC က ဘောလုံးသုံးသပ်သူ ၁၇ ဦးကို ရွေးချယ်စေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကို ရွေးချယ်သူ ၉ ဦး၊ အင်္ဂလန်ကို ရွေးချယ်သူ ၇ ဦး၊ စပိန်ကို ရွေးချယ်သူ ၁ ဦးရရှိခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်အသင်းကို ရွေးချယ်ခဲ့သူတွေက စကော့ဘရောင်း၊ ကလစ်ချီ၊ ရေချယ်ကော်စီ၊ ဂျရူး၊ ဒန်နီမာဖီ၊ ပေါလ်ရော်ဘင်ဆင်၊ တိုနီပူးလစ်၊ အလန်ရှီးယားနဲ့ ခရစ္စဆပ်တန်တို့ ဖြစ်ပါတယ်။ အင်္ဂလန်ကို ရွေးချယ်ခဲ့သူတွေက သောမတ်စ်ဖရန့်ခ်၊ ဂျိုးဟတ်၊ စတက်ဖ် ဟောက်တန်၊ မာတင်ကီအွန်၊ ရွန်နီ၊ ဆူးစမစ်နဲ့ အယ်လန်ဝှိုက်တို့ဖြစ်ပြီး စပိန်ကို ရွေးချယ်ခဲ့သူကတော့ မီကာရစ်ချတ်စ် ဖြစ်ပါတယ်။ Opta ရဲ့ စူပါကွန်ပျူတာကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာအကောင်းဆုံးက စပိန်အသင်း ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ (NVS 008)

11 Jun

ADVERTISE HERE .