“ရာသီကြိုကာလမှာ PSG အပါအဝင် အသင်း ၆ သင်းနဲ့ ခြေစမ်းမယ့် မန်ယူအသင်း”
11 Jun
မန်ယူအသင်းဟာ ၂၀၂၆-၂၇ ရာသီအကြိုကာလမှာ PSG အပါအဝင် အသင်း ၆ သင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မန်ယူအသင်း ခြေစမ်းယှဉ်ပြိုင်မယ့်အသင်းတွေက ဝရက်ဆမ်၊ ရိုဆင်ဘော့ဂ်၊ အက်သလက်တီကို၊ PSG၊ လိဒ်စ်နဲ့ အေစီမီလန်တို့ဖြစ်ပြီး ဖင်လန်၊ နော်ဝေ၊ ဆွီဒင်၊ အိုင်ယာလန်နဲ့ ပိုလန်နိုင်ငံတွေမှာ လှည့်လည်ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းက ဇူလိုင်လ ၁၈ ရက်မှာ ဝေးလ်ကလပ် ဝရက်ဆမ်အသင်းနဲ့ ဖင်လန်နိုင်ငံမှာ စတင် ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်မှာ ရိုစင်ဘော့ဂ်နဲ့ နော်ဝေနိုင်ငံ၊ သြဂုတ်လ ၁ ရက်မှာ အက်သလက်တီကိုနဲ့ ဆွီဒင် နိုင်ငံ၊ သြဂုတ်လ ၈ ရက်မှာ PSG နဲ့ ဆွီဒင်နိုင်ငံ၊ သြဂုတ်လ ၁၂ ရက်မှာ လိဒ်စ်နဲ့ အိုင်ယာလန်နိုင်ငံ၊ သြဂုတ်လ ၁၅ ရက် မှာ အေစီမီလန်နဲ့ ပိုလန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆-၂၇ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက်တွင် စတင်မှာဖြစ်တာကြောင့် မန်ယူအသင်းက ပရီးမီးယားလိဂ်ရာသီသစ်စတင်ခါနီး တစ်ပတ်အလိုအထိ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပါတယ်။ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကို ဇွန်လ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလားတို့နဲ့အတူ ပြိုင်ပွဲ ၄ ခု ဆင်နွှဲသွားရမှာ ဖြစ်ပါတယ်။(NVS 008)