“မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဘင်ဖီကာ အတည်ပြု”

11 Jun

ဘင်ဖီကာအသင်းက နည်းပြ မော်ရင်ဟို ရဲ့နေရာမှာ ဖူလ်ဟမ်နည်းပြဟောင်း မာကိုဆေးလ်ဗား ကို အစားထိုးခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘင်ဖီကာအသင်းက မာကိုဆေးလ်ဗားကို ၂ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်တိုး နိုင်မယ့် သဘောတူညီမှုလည်းပါရှိပါတယ်။ ပေါ်တူဂီနည်းပြ မာကိုဆေးလ်ဗား ဟာ ၂၀၁၅ ခုနှစ်ကတည်းက ပြည်ပကို ထွက်ခွာခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်မှ ပေါ်တူဂီဘောလုံးလောကကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက နည်းပြ မော်ရင်ဟို အတွက် ရီးရဲလ်အသင်းဆီက လျော်ကြေးငွေ ယူရို ၁၅ သန်းရရှိကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ရီးရဲလ်အသင်းက လျော်ကြေးငွေပမာဏနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်းတော့ မရှိပါဘူး။ (NVS 008)

11 Jun

ADVERTISE HERE .