“အိန္ဒိယနိုင်ငံက ငလျင်ဒဏ်သင့်အဆောက်အဦများ စစ်ဆေးရေးသုံးကိရိယာများကို ထပ်မံလှူဒါန်း”

11 Jun

အိန္ဒိယနိုင်ငံက ရူပီး ၁၇ ဒသမ ၇၅ သန်းကျော်တန်ဖိုးရှိ ငလျင်ဒဏ်သင့် အဆောက်အဦများ၏ ကြံ့ခိုင်မှု အခြေအနေစစ်ဆေးရာမှာ အသုံးပြုမည့် စက်ပစ္စည်းကိရိယာများကို ဇွန်လ ၁၀ ရက် နံနက်ပိုင်းမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါစက်ပစ္စည်းများနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး HE Abhay Thakur က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါ တယ်။ ယခုလှူဒါန်းမှုက ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ငလျင်တိုင်းကိရိယာများ၊ ကွန်ကရစ်အတွင်းပိုင်းစစ်ဆေးတဲ့ ကိရိယာများ၊ အပူလှိုင်းပုံရိပ်ဖမ်းကင်မရာများ၊ အဆောက်အဦကြံ့ခိုင်မှု စောင့်ကြည့်အာရုံခံကိရိယာများနှင့် အခြားစက်ယန္တရားများ ပါဝင်ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံက ၂၀၂၆ ခုနှစ် မတ်လအတွင်းကလည်း ဘေးအန္တရာယ်မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက် အဆောက်အအုံအကဲဖြတ်ရေးလုပ်ငန်းများအတွက် ရူပီးသန်း ၂၀ ကျော်တန်ဖိုးရှိ စက်ယန္တရားနှင့် ပစ္စည်းကိရိယာ ၁၁ မျိုးကို ပထမအကြိမ်အဖြစ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ (NVS 004)

11 Jun

ADVERTISE HERE .