“YBS ယာဉ်များ CNG ဖြည့်သွင်းရာတွင် ဝယ်ယူခွင့်စာအုပ် မဖြစ်မနေတင်ပြရမည်”
11 Jun
ဇူလိုင်လ ၁၀ ရက်မှစတင်၍ CNG ဝယ်ယူခွင့်စာအုပ်မပါရှိတဲ့ YBS ယာဉ်များကို CNG ဓာတ်ငွေ့ ဖြည့်သွင်း ရောင်းချပေးမည်မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ ဒါကြောင့် YBS ယာဉ်များအနေနဲ့ သတ်မှတ်ရက်မှစတင်ကာ CNG ဝယ်ယူခွင့်စာအုပ်ကို ယာဉ်နှင့်အတူ ယူဆောင်၍ CNG အရောင်းဆိုင်များတွင် ဓာတ်ငွေ့ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။ အခုဆောင်ရွက်ချက်က CNG ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျစီမံခန့်ခွဲနိုင်ရေးနှင့် မှတ်တမ်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
11 Jun