“တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း၁၅ခုမေးမြန်းဆွေးနွေးမည်”
11 Jun
ဇွန်လ ၁၁ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(အဋ္ဌမနေ့)မှာ ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဦးသန်းဇော်၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးခင်အောင်ဝင်း၊ ပန်းတောင်းမြို့နယ်ကိုယ်စား လှယ်အမှတ်(၂)၊ ဦးကျော်စိုး၊ လက်ပံတန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဒေါ်လွယ်လွယ်ဝင်း၊ ကြို့ပင်ကောက် မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးအုန်းသွင်၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးအောင်စိုးထက်၊ ကြို့ပင် ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးမြစိုး၊ နတ်တလင်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးအောင်ကို၊ အုတ်ဖိုမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးသန့်ဇော်မင်း၊ တောင်ငူမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)တို့က ကြယ်ပွင့် ပြမေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)