ရန်ကုန်ရှိ လသာ ၁၉ လမ်း Night Market ပြန်လည်ဖွင့်လှစ်ခဲ့

10 Jun

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ဇွန်လ ၉ ရက်မှစတင်ကာ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ Night Market ဟာ ယခင် ကတည်းက ရှိခဲ့ပြီးဖြစ်သော်လည်း စည်းကမ်းမဲ့ဈေးရောင်းချမှုများကို ယာဉ်လမ်းစနစ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ တာကြောင့် စနစ်ကျနစေရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းကာ ဈေးရောင်းချချိန်နှင့် ရောင်းချရန်နေရာ များကို သတ်မှတ်ပေးကာ အရေးပေါ်ယာဉ်များ သွားလာနိုင်ရန် လမ်းအလယ်ပိုင်းကို ချန်ထားပေးခြင်းစသည်တို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ၁၉ လမ်းတစ်လျှောက် အလှမီးပုံးများတပ်ဆင်ကာ သတ်မှတ်နေရာများတွင် ဈေး ရောင်းခဲ့ပြီး ပြန်လည်ဖွင့်လှစ်တဲ့နေ့တွင် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ထို Night Market ရှိ ဈေးဆိုင်ခန်းများကို နေ့စဉ် ညနေ ၆ နာရီမှ ည ၁၁ ထိ အချိန်သတ်မှတ်ကာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

10 Jun

ADVERTISE HERE .